ချာကနဲရောက်လာ…ချာကနဲလှည့်ထွက်သွား(ရင်ဘတ်ကို ဓားနဲ့ထိုးသွားတဲ့ကိစ္စ)
ထွင်းထားတယ်၊ ထုထားတယ်၊ ဘယ်လိုမှ မလှဘူး၊
ဖျက်ထားတယ်၊ ပြင်ထားတယ်၊ ဘယ်လိုမှ မပျောက်ဘူး၊
တိတ်ထားတယ်၊ ဆိတ်ထားတယ်၊ ဘယ်လိုမှ မအေးချမ်းဘူး၊
စောင့်ထားတယ်၊ တောင့်ထားတယ်၊ ဘယ်လိုမှ ရောက်မလာဘူး၊
တွေ့ထားတယ်၊ မြင်ထားတယ်။ ဘယ်လိုမှ သတိမရဘူး၊။
ပြောလိုက်ပါ…တစ်ခုခု…ပြောလိုက်ပါ…တစ်ခုခု
နင်ပြုလုပ်ချင်တဲ့တစ်ခုခု၊ နင်ပြောထွက်ချင်တဲ့တစ်ခုခု၊
ငါဟာ ဘာကိုမှ၊ဘယ်လိုမှ နင့်အတွက် သုံးမရတဲ့အခါ၊
နင့်ရင်ခုန်သံတွေဟာ ငါနဲ့တွေ့တိုင်းမှာ အေးစက်လာတဲ့အခါ…
ပြောလိုက်ပါ…တစ်ခုခု…ပြောလိုက်ပါ…တစ်ခုခု
ငါ့ကို နင်မလိုအပ်တော့တဲ့အကြောင်း။
ငါ
ကြိုးစားတယ်၊ နိုးကြားတယ်၊
နင်
တန်ဖိုးမထားဘူး။
ငါ
တိကျတယ်၊ ရောက်လာတယ်၊
နင်
နောက်ကျနေတယ်။
ငါ
ခါးလာတယ်၊ သက်လာတယ်၊
နင်
ချိုမြိန်နေပါသလား။
ငါ
တွေးနေတယ်၊ တောနေတယ် နင့်အကြောင်း၊
နင်
မေ့နေတယ်၊ ဖျောက်နေတယ် ငါ့အကြောင်း။
နေ့လည်ခင်းဟာ မလွမ်းဆွတ်ချင်စရာ
နင့်စကားလုံးတွေဟာ မီးလိုပူလောင်လို့ 
ဘယ်လိုမှ ယုတ္တိမရှိပေမယ့်လည်း ငါ ယုံခဲ့ပါတယ်၊
နင့်အတွက် ငါဟာ
အလွယ်တကူဖတ်ပြီး ကျော်သွားလို့ ရတဲ့ ပုံပြင်တစ်ပုဒ်…
နင်…ထွက်သွားခဲ့ပါတယ်…
နေ့လည်ခင်းဟာ ဘယ်လိုမှမလွမ်းဆွတ်ချင်စရာ
အမှန်တကယ် ငါ လွမ်းဆွတ်ခဲ့ပါတယ်၊
ရင်တစ်ခုလုံး နာကျင်လာတဲ့အထိ ငါ လွမ်းဆွတ်ကျန်ခဲ့ပေါ့…….။





Sofar Away Fromyou
February 18th, 2012
ဖတ်သွားတယ် ကြိုက်သွားတယ်…
kyarphyulay
February 18th, 2012
ထွင်းထားတယ်၊ ထုထားတယ်၊ ဘယ်လိုမှ မလှဘူး၊
ဖျက်ထားတယ်၊ ပြင်ထားတယ်၊ ဘယ်လိုမှ မပျောက်ဘူး၊စောင့်ထားတယ်၊ တောင့်ထားတယ်၊ ဘယ်လိုမှ ရောက်မလာဘူး၊
မာန်ခက်ဝင့်
February 28th, 2012
အစ်ကို ကျနော်လာဖတ်သွားတယ် ကဗျာလေးကထိတယ်ဗျ